Ignition Coil


ABOUT

စက်အကြောင်း

လောင်ညှိကွိုင်သည် လျှပ်ကူးပလပ်အတွက် ဗို့အားအမြင့်ကိုထုတ်ပေးကာ လျှပ်ကူးစေရန် လေ-လောင်စာဆီအရောကို လောင်ညှိပေးသည်။

အင်ဂျင်အတွင်း ထိရောက်သော လောင်ကျွမ်းမှု ဖြစ်စေရန် အဆက်မပြတ် အားကောင်းသော လောင်ညှိမှုနှင့် မှန်ကန်သော လောင်ညှိချိန် လိုအပ်ပါသည်။

 

 

ထုတ်ပိုးမှု

အထူး ရောင်းချမှုပုံစံ

၁။ မြင့်မားသော သင့်လျော်မှု

၂။ မြင့်မားသော စွမ်းဆောင်ရည်

၃။ လောင်စာ ချွေတာခြင်း


COMPARISON

နှိုင်းယှဉ်ချက်

DENSO လောင်ညှိကွိုင်၏ အားသာချက်များ

၁။ မြင့်မားသော သင့်လျော်မှု

ကျွန်ုပ်တို့၏ အသိပညာရပ်နှင့် ထိပ်တန်းကုန်ကြမ်းများကိုသုံးကာ DENSO မှ အပူချိန်မြင့်မားမှုတွင် လုပ်ဆောင်နိုင်စွမ်းရှိ အသင့်လျော်ဆုံးသော ကွိုင်ကို ဖန်တီးထားပါသည်။

၂။ မြင့်မားသော စွမ်းဆောင်ရည်

တုံ့ပြန်မှု မြန်ဆန်ခြင်းနှင့် ထုတ်လွှတ်မှုမြင့်မားမှုကြောင့် DENSO လောင်ညှိကွိုင်သည် အရှိန်နှုန်းမြှင့်ခြင်းနှင့် တောင်ပေါ်ခရီးမောင်းနှင်ရာတွင် ပါဝါများများ ပေးနိုင်သည်။

၃။ လောင်စာ ချွေတာခြင်း

မှန်ကန်သော လောင်ညှိချိန်က လောင်စာဆီ စားသုံးမှုကို ချွေတာနိုင်သည်။

ပြိုင်ဘက်များနှင့်နှိုင်းယှဉ်ခြင်း (ပုံ)

DENSO လောင်ညှိကွိုင်၏ ဒီဇိုင်းနှင့် ထုတ်လုပ်ထားမှုအားသာချက်များကို ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ကြည့်ကြစို့။

  


REPLACEMENT

လဲလှယ်ခြင်း

လောင်ညှိကွိုင် ချွတ်ယွင်းမှု လက္ခဏာများ

၁။ စက်နှိုးရန် ခက်ခဲခြင်း

၂။ အရှိန်မြှင့်ရာတွင် ချောမွေ့မှုမရှိခြင်း

၃။ စက်လည်ပတ်မှု မတည်ငြိမ်ခြင်း

၄။ “အင်ဂျင်စစ်ဆေးရန်” မီး ပွင့်နေခြင်း



RISK OF IMITATION

အတုအပများ၏ အန္တရာယ်

အရည်အသွေးနိမ့်ကုန်ကြမ်းများဖြင့်ပြလုပ်ထားသော အတုအပပစ္စည်းများသည် DENSO လောင်ညှိကွိုင်များထက် မြန်ဆန်စွာ ယိုယွင်းပျက်စီးလွယ်သည်။ ၎င်းသည် စက်အုံနှင့် ကော်စေးများကို ကွဲအက်စေသည်။

ယင်းနှစ်ခုသည် အင်ဂျင်အားကို နိမ့်ကျစေပြီး လောင်စာဆီပို့ဆောင်မှုစနစ်ကိုလည်း ထိခိုက်နိုင်သည်။

DENSO Genuine လောင်ညှိကွိုင်ကို သုံးခြင်းဖြင့် အကောင်းဆုံးအရည်အသွေးရဖို့ သေချာစေသည်။