Fuel Pump


ABOUT

1

စက်အကြောင်း

လောင်စာဆီပန့်သည် လောင်စာဆီကို တိုင်ကီမှ အင်ဂျင်သို့ အင်ဂျက်တာမှတဆင့် ဖိအားများများဖြင့် ပေးပို့သည်။

လောင်စာဆီပန့် ၂ မျိုးရှိပါသည်၊ အတွင်းလိုင်း နှင့် အတွင်းတိုင်ကီ တို့ဖြစ်ကြသည်။ မကြာမီက ထုတ်လုပ်သော ယာဉ်များသည် အတွင်းတိုင်ကီကို အသုံးပြုထားပြီး လောင်စာဆီကန်အတွင်း တည်ရှိသည်။

လုပ်ဆောင်မှု အခြေခံအချက်

ပန့်ဒလက် လည်ပတ်သည့်အခါ ဒလက်ဘေးရှိ ဘလိပ်မြောင်းသည် လှည့်လိမ်ပုံဖြင့် ရွေ့လျားလျက် လောင်စာဆီကို ပို့ဆောင်သည်။ ထို့နောက် လောင်စာဆီသည် မော်တာသို့ ဖြတ်စီးကာ တစ်ဖက်ပိတ်အဆို့ရှင်အား ဖိအားပေးလျက် လောင်စာဆီပိုက်ထဲသို့ လောင်စာဆီကိုတွန်းပို့သည်။

ထုတ်ပိုးမှု

အထူး ရောင်းချမှုပုံစံ

၁။ ဆူညံမှုနည်း

မျှတသောလှည့်ပတ်မှုက တုန်ခါမှုကို လျော့ကျစေကာ ကောင်းစွာဒီဇိုင်းထုတ်ထားသော ဒလက်က လှုပ်ရှားသံကိုလျော့ချပြီး ဆူညံမှုနည်း လုပ်ဆောင်မှုကိုဖြစ်စေသည်။

၂။ အကောင်ဆုံး ခံနိုင်ရည်

အရည်အသွေးမြင့်မားသော ကွန်မြူတေတာ နှင့် ဝက်မှင်ဘီးတို့က DENSO လောင်စာဆီပန့်ကို အကောင်းဆုံးခံနိုင်ရည်အား ဖြစ်စေသည်။ အောက်ပါဇယားကားချပ်တွင် မြင်ရသည့်အတိုင်း၊ DENSO လောင်စာဆီပန့်သည် 300K ကီလိုမီတာထက် ကြာရှည်သုံးနိုင်ကာ ပြိုင်ဘက်များထက် ၁၀ ပိုကောင်းကြောင်း တွေ့ရသည်။ ပြိုင်ဘက်များသည် 5K မှ 30K ကီလိုမီတာ အထိသာသုံးနိုင်ပြီး ယင်းသည် ၁-၂ နှစ်ကြာ မိုင်လိတ်ခန့်သာရှိသည်။

မှတ်ချက်။ ခံနိုင်ရည်စစ်ဆေးမှုကို ကွေးညွတ်ချက်နှင့် စမ်းသပ်လောင်စာဆီတို့ကို အခြေခံကာ ပျမ်းမျှယာဉ်သွားနှုန်း ၂၀ကီလို/တစ်နာရီ ဖြင့် DENSO နိုင်ငံတကာ အမေရိက ရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်ထားပါသည်။

၃။ မြင့်မားသော စွမ်းဆောင်ရည်

လောင်စာဆီကို သင့်တင့်သောနှုန်းဖြင့် မှန်ကန်စွာပို့ဆောင်ပေးနိုင်ရေး၊ DENSO လောင်စာဆီပန့်ကို OE ထုတ်လုပ်သူများက အသိပညာရပ်များကို အခြေခံကာ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားပါသည်။ ဒလက်ပေါ်ရှိ အထူးအားဖြင့် ပုံဖော်ထားသော ပြောင်းရစ်ကြောင့် အများဆုံးထုတ်လွှတ်မှုအား ထိရောက်စွာလုပ်ဆောင်နိုင်ရန် ဖြစ်စေသည်။

၄။ အံ့ဝင်ကျ အီလက်ထရစ် ချိတ်ဆက်ခေါင်း

အတိုင်းတာ ကိုက်ညီသော အီလက်ထရစ် ချိတ်ဆက်ခေါင်းကို OE သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်ထားသည့်အတွက် ဝိုင်ယာများ အံ့ကိုက်ဖြစ်လျက်၊ လောင်စာဆီပန့်ကို ပြဿနာဖြစ်စေမည့်"လျော့ရဲမှု" လည်း မဖြစ်တော့ပါ။

*OE ကြိုးများကို အံ့ကိုက်ဖြစ်စေရန် ချိတ်ဆက်ခေါင်းသို့ နဂိုအတိုင်း တပ်ဆင်ရပါသည်။


COMPARISON

1


REPLACEMENT

1

လဲလှယ်ခြင်း

လောင်စာဆီပန့် ချွတ်ယွင်းမှု လက္ခဏာများ

၁။ စက်နှိုးရန် ခက်ခဲခြင်း

အင်ဂျင်ဆီသို့ လောင်စာတိုင်ကီမှ ပို့ပေးသည့် လောင်စာဆီမလုံလောက်မှုကြောင့် အင်ဂျင်ကောင်းစွာ မလည်ပတ်နိုင်ပါ။

၂။ အင်ဂျင် ထိုးရပ်ခြင်း

အင်ဂျင် နှိုးပြီးနောက် ထိုးရပ်သွားရသည်မှာ လောင်စာဆီပန့်သည် အင်ဂျင်ဆီသို့ လောင်စာဆီကောင်းစွာ မပို့နိုင်မှုကြောင့်ဖြစ်၏။ ၎င်းသည် ဂက်စ်နင်းပြားကို ဖိလိုက်သည့်အခါတွင်လည်း ဖြစ်နိုင်သည်။

၃။ မောင်းနှင်နိုင်စွမ်း မကောင်းခြင်း

မလုံလောက်သော လောင်စာဆီစီးဆင်းနှုန်းကြောင့် ကား၏မောင်းနှင်မှုစွမ်းရည်ကို အားနည်းစေသည်။ လောင်စာဆီဖိအားသည် စနစ်အတွက်လိုအပ်သော လောင်စာဆီကိုကောင်းစွာ မထောက်ပံ့နိုင်၍ဖြစ်သည်။

၄။ “အင်ဂျင်စစ်ဆေးရန်” မီး ပွင့်နေခြင်း

ယင်းသည် အင်ဂျင်တွင် တစ်စုံတစ်ခုမှားနေကြောင်း ပြသသည်။ ဖြစ်နိုင်ချေအချက်တစ်ခုမှာ လောင်စာဆီပန့်တွင် ချွတ်ချော်မှုများရှိနေနိုင်ခြင်းဖြစ်သည်။ ၎င်းအား ကျွမ်းကျင်စက်ပြင်များဖြင့် စစ်ဆေးပြသဖို့ အကြံပြုပါ၏။



RISK OF IMITATION

1

အတုအပများ၏ အန္တရာယ်

၁။ မသင့်လျော်သော ပစ္စည်းပုံစံ

 

အတုအပပစ္စည်းများ၏ ယာဉ်တွင်သုံးစွဲနိုင်မှု သတ်မှတ်ချက်များအရ အင်ဂျင်အတွက် သင့်တော်မည့်အနေအထားရှိပုံမရပါ။ ဥပမာ၊ စီးဆင်းနှုန်းမြင့်သော လောင်စာဆီပန့်ကို ကားသေးများတွင် အသုံးပြုသည့်အခါ မထိရောက်သော လောင်စာဆီသုံးစွဲမှုကို ဖြစ်စေသည်။

၂။ ခံနိုင်ရည် နိမ့်ကျခြင်း

 

အတုအပပစ္စည်းများတွင် အရည်အသွေးနိမ့်ကုန်ကြမ်းများဖြင့်ပြုလုပ်ထားသည့်အတွက် ခံနိုင်ရည်ပြဿနာများရှိနိုင်ပါသည်။ DENSO အနေဖြင့် အရည်အသွေးမြင့်ကုန်ကြမ်းများကို OE သတ်မှတ်ချက်နှင့်အညီ အသုံးပြုထားသည်။

၃။ လျော့ရဲကြိုး

 

၎င်းသည် လောင်စာဆီပန့်သုံးချိန်ကြာလာလျှင် ချွတ်ယွင်းချက်ဖြစ်မည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ အံ့ဝင်ဂွင်ကျဖြစ်စေရန် ပြုလုပ်ထားခြင်းမရှိသော ပန့်များသည် နောင်တစ်ချိန်တွင် သင့်ကားတွင် ပြဿနာများကြုံရနိုင်သည်။ DENSO လောင်စာဆီပန့်၏ ချိတ်ဆက်ခေါင်းသည် OE သတ်မှတ်ချက်နှင့်အညီ ပြုလုပ်ထားပြီး ဝိုင်ယာကြိုးများနှင့်အံ့ဝင်ခွင်ကျဖြစ်စေသည်၊ OE ကြိုးများနှင့်တကွ အသုံးပြုလျှင် လုံးဝစိတ်ချသွားရပါမည်။