DFF သည် ဒီဇယ်လောင်စာဆီ စကာစစ်ဖြစ်ပြီး ဒီဇယ်လောင်စာအတွင်း ဖုန်မှုန့်နှင့် ရေများကို စစ်ထုတ်ပေးသည်။
ဒီဇယ်အင်ဂျင် တွဲစပ်ကိရိယာများဖြစ်သော ပန့် သို့မဟုတ် အင်ဂျက်တာသည် ပုံမှန်ပြေးလမ်းကြောင်းစနစ်အတွက် ပိုပြီးတိကျမှုရှိလာပါသည်။
ဤတွဲစပ်ကိရိယာများကို အနုစိတ်မီတာများဖြင့် ဖိအားမြင့်အခြေအနေတွင် အတိအကျအလုပ်လုပ်နိုင်ရန် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားသည်။
ဤကဲ့သို့စနစ်များတွင်၊ လောင်စာဆီအတွင်း ဖုန်မှုန့်နှင့်ရေများကို စစ်ထုတ်ရန် အလွန်ခက်ခဲပါသည်။
အလွန်သေးသော ဖုန်မှုန့်များ ပါသွားလျှင်သော်မှ ဤတွဲစပ်ကိရိယာများကို ထိခိုက်စေနိုင်သည်။
တိကျသောတွဲစပ်ကိရိယာကြောင့် စနစ်အားပြုပြင်မှုကုန်ကျစရိတ်သည် အလွန်ဈေးကြီးလှသည်။
ဒါကြောင့်မို့ အရည်အသွေးမြင့် DFF ကိုရွေးချယ်ရန် အရေးကြီးပါသည်။
DFF စကာစစ်သည် ဆီတိုင်ကီမှ လောင်စာဆီအားလုံးကို စစ်ထုတ်ပေးသည်။
DFF သည် CRS အား ဖုန်မှုန့်နှင့်ရေများမှ ကာကွယ်ပေးသည်။
- စစ်ထုတ်ခြင်း ထိရောက်မှုမြင့်မားခြင်း
- ရေခွဲထုတ်မှု ထိရောက်မြင့်မားခြင်း*
*ရေခွဲထုတ်စနစ်ပါ ယာဉ်များအတွက်သာ