Plasmacluster Ion Generator


ABOUT

စက်အကြောင်း

လေထဲရှိ ဓာတ်မတည့်မှုနှင့်မှိုများ စသည်တို့ကို ပလပ်စမာကလပ်စတာ အိုင်ယွန်မှ ပြိုကွဲဖယ်ထုတ်လိုက်သည်။

 

ထုတ်ကုန် သဘောတရား

 

ယာဉ်အခန်းရှိလေများကို စစ်ထုတ်ပေးခြင်း၊ မှိုများမှ ကာကွယ်ပေးခြင်း၊ နှင့် အနံ့များ ပပျောက်စေရန်ဖြစ်သည်။ "ယာဉ်သုံး အမျိုးအစား၊ သိပ်သည်းဆမြင့် ပလပ်စမာကလပ်စတာ အိုင်ယွန် ဂျင်နရေတာ"

ဒီဇိုင်း ပုံစံ

အသုံးပုံစံပြသချက်၊ ၃ မျိုး(အနိမ့်၊ အလယ်၊ အမြင့်) ရှိပြီး ခြားနားသော ပူဖောင်းအရွယ် ၃ ခုဖြင့် ပြသထားသည်။ ထို့ပြင် LED မီးမှ ယာဉ်အတွင်း ကြည့်လွယ်သောမီးဖြင့် ပြသပေးသည်။

အပေါ်ပိုင်းအား အလျူမီနီယံဖြင့် အုပ်ထားကာ အကောင်းစားပုံစံ လုပ်ထားသည်။

ကျစ်လစ်မှု

ပလပ်စမာကလပ်စတာ အိုင်ယွန် ဂျင်နရေတာသည် အမြင့် 150mm ခန့်သာရှိပြီး မောင်းနှင်မှုအတွက် အနှောင့်အယှက်မဖြစ်စေပါ။

ပလပ်စမာကလပ်စတာ အိုင်ယွန်ဂျင်နရေတာ၏ အောက်ခြေအကျယ်မှာ 65mm ရှိပြီး မည်သည့်ယာဉ်မဆိုရှိ ရေဗူးထည့်သည့်နေရာတွင် ဝင်ဆန့်သည်။

ဒီဇိုင်းမှာ ကားခန်းအတွင်းရှိ ပတ်ဝန်းကျင်နှင့် သင့်တင်ခြင်း

ဆူညံမှုထိန်းချုပ်ခြင်း (19dB) မှာ ယင်းလျှပ်စစ်ပစ္စည်း အခန်းတွင်း၌ရှိနေကြောင်း မသိသာလှပါ။

ခံနိုင်စွမ်းမှာ ယာဉ်ကားများ-သင့်တင့်စေမည့် "တုန်ခါမှုများ" နှင့် "ပတ်ဝန်းကျင်အပူချိန်" အလိုက် ပြုလုပ်ထားပေးသည်။


REPLACEMENT

ထုတ်ကုန် လဲလှယ်ခြင်း

စုစုပေါင်း လုပ်ဆောင်ချိန်သည် ပျှမ်းမျှအားဖြင့် ၁၇၅၀၀ နာရီကျော်လွန်လျှင်( တစ်နေ့ ၈ နာရီသုံးလျှင် ၆ နှစ်ခန့်ကြာနိုင်)၊ ထုတ်ကုန်လဲလှယ်ရေးအချက်ပြမီးအားဖြင့် ပစ္စည်းကိုလဲလှယ်ဖို့ အသိပေးပါမည်။

* လဲလှယ်မှုကာလမှာ လုပ်ဆောင်မှုပုံစံတွင် ပြထားသည်နှင့်အလားတူပင်ဖြစ်ပါသည်။

 

ကြာချိန်- စတင်သုံးခြင်း

 

 

ကြာချိန်- ပျမ်းမျှ ၁၇၅၀၀ နာရီ (တစ်နေ့ ၈ နာရီသုံးလျှင် ခြောက်နှစ်ခန့် ကြာ၏)

မက်ဆေ့ချ်ပြခြင်း- သုံးစွဲနိုင်မှုကာလ နီးပါးဖြစ်ပါ၏။

 

 

ကြာချိန်- ပျမ်းမျှ ၁၉၀၀၀ နာရီ (တစ်နေ့ ၈ နာရီသုံးလျှင် ၆ နှစ် နှင့် ၆ လခန့်ကြာ၏)

မက်ဆေ့ချ်ပြခြင်း- ၎င်းသည် အလုပ်မလုပ်တော့ပါ။ လဲလှယ်ရန်အချိန်ဖြစ်ပါသည်။

 


TROUBLESHOOTING

ပြုပြင်မှုနည်းလမ်း

ပြဿနာ- ပလပ်စမာကလပ်စတာ အိုင်ယွန် ဂျင်နရေတာ အလုပ်မလုပ်ပါ။

ကားမီးပလပ်ခေါင်းသို့ ကောင်းစွာတပ်ထားပါရဲ့လား။ သေချာစွာ တပ်ထားဖို့ သေချာပါစေ။

ပြဿနာ- ထုတ်ကုန်သည် အင်ဂျင်နှင့်တွဲပြီး လုပ်ဆောင်မှုမရှိပါ။

ယာဉ်တစ်စီးတွင် ပါဝါကို အထွေထွေသုံးမီးပလပ်သို့ ပံ့ပိုးပေးထားစေကာမူ အင်ဂျင်စက် ပိတ်ထားသည်ဆိုပါက၊ အင်ဂျင်ပူးတွဲသုံးနိုင်စွမ်းကို အသုံးမချနိုင်ပါ။

ပြဿနာ- ထုတ်ကုန်လဲလှယ်ရန်အချက်ပြမီးသည် မှိတ်တုတ် ဆက်တိုက်ပြကာ လုပ်ဆောင်မှုရပ်တန့်သွားသည်။

သုံးစွဲနိုင်မှုကာလ နီးပါးဖြစ်ပါ၏ (၁၇၅၀၀ နာရီကြာ သုံးနိုင်၏)။ အသစ်တစ်ခု ဝယ်ယူဖို့ ဆုံးဖြတ်ပါ။

ထုတ်ကုန်၏ အသုံးပြုနိုင်သော သက်တမ်းကျော်သွားပါပြီ။ အသစ်တစ်ခုနှင့် အစားထိုးပါ။ * အသုံးပြုကာလ ၁၉၀၀၀ နာရီကျော်လွန်သွားလျှင်၊ ထုတ်ကုန်လဲလှယ်မှုပြမီး(လိမ္မော်ရောင်)သည် မြန်စွာ မှိတ်တုတ်ပြမည်ဖြစ်ကာ လုပ်ဆောင်မှုရပ်တန့်သွားပါလိမ့်မည်။

ပြဿနာ- လုပ်ဆောင်မှုပြမီး “အနိမ့်” နှင့် “အလယ်” (အပြာ) and “အမြင့်” (ခရမ်း) တို့သည် တစ်ပြိုင်တည်း မှိတ်တုတ်ပြကာ လုပ်ဆောင်မှု ရပ်တန့်သွားသည်။

ပလပ်စမာကလပ်စတာ အိုင်ယွန် မှ ထုတ်လွတ်မှုမရှိတော့ပါ။ လျှပ်ခေါင်းအခန်းကို ပြုပြင်ဖို့ လုပ်ဆောင်ပါ။

အချက်ပြမီး မှိတ်တုတ်ဆက်တိုက်ဖြစ်နေလျှင်၊ ဝယ်ယူထားသည့်စတိုးဆိုင်သို့ ဆက်သွယ်ပါ။

ကိရိယာအထိုင်ကို ကောင်းစွာတပ်ဆင်ထားပါသလား။ ကိရိယာအထိုင်ကို ဆွဲထုတ်ပြီး ပြန်ထည့်ကာ လုပ်ဆောင်မှုခလုတ်ကို နှိပ်ပါ။

ပြဿနာ- ပြတ်တောင်း ဆူညံသံများ ကြားရသည်။ နှိပ်သံ သို့မဟုတ် တစ်တစ်မြည်သံများ ပစ္စည်းထဲမှ ထွက်ပေါ်လာသည်။

နှိပ်သံ သို့မဟုတ် တစ်တစ်မြည်သံများကို ပစ္စည်းမှ အိုင်ယွန်များထုတ်လွှတ်ချိန်တွင် ကြားနိုင်ပါသည်။ အသံမှာ အသုံးပြုသောပတ်ဝန်းကျင် သို့မဟုတ် လုပ်ဆောင်မှုပုံစံအရ ကျယ်လောင်စွာ သို့မဟုတ် ညင်သာစွာ ထွက်ပေါ်သည်၊ မည်သို့ဆိုစေ ပလပ်စမာကလပ်စတာ အိုင်ယွန်၏ သက်ရောက်မှုမှာ ပြောင်းလဲမသွားပါ။

ဖုန်မှုန့်များ စကာစစ်တွင် ပိတ်ဆို့နေနိုင်သည်။ စကာစစ်ကို သန့်ရှင်းရေးလုပ်ပါ။

ပြဿနာ- လုပ်ဆောင်မှုအချက်ပြမီးသည် အပြာရောင် သို့မမဟုတ် ခရမ်းရောင်မှိတ်တုတ်ဖြစ်လျှင် ယင်းပစ္စည်းသည် အလုပ်မလုပ်တော့ပါ။

ကားမီးပလပ်ကို ဖြုတ်ပြီး ပြန်တပ်ပါ၊ ပြီးနောက် လုပ်ဆောင်မှုခလုတ်ကို ပြန်နှိပ်ပါ။

၎င်းသည် မကြာခဏဖြစ်နေလျှင် ဝယ်ယူထားသည့်စတိုးဆိုင်သို့ ဆက်သွယ်ပါ။

အခြား အချက်ပြမှုများ

ချွတ်ယွင်းနေသည်။ မီးပလပ်ဖြုတ်ကာ ဝယ်ယူထားသည့်စတိုးဆိုင်သို့ ဆက်သွယ်ပါ။